အချစ်ကဗျာ မရေးဖြစ်တာ နှစ်တွေတော်တော် ကြာပြီ... ဒီကဗျာလေးကတော့ Sg ရောက်ပြီးမှ ပထမဆုံး ပြန်ရေးဖြစ်တဲ့ ကဗျာပေါ့ ... ဒါတောင် ၁ နှစ်လောက် ရှိနေပြီ ... ခုမှ စိတ်ကူးပေါက်လို့ blog မှာတင်လိုက်တာ ...
ဒုက္ခတွေ သောကတွေ အပြည့်နဲ့
ဘ၀တစ်ခု ...
ကန္တာရထဲ ပစ်ချခံထားရတဲ့ ငါး၁ကောင်လို
အလူးအလိမ့် ...
အသက်ရှု အနားယူ ခွင့်တောင်မရှိ ...
နတ်ဆိုးတွေ အပျော်သဘော
လက်ဆောင်ပေးထားတဲ့
ကံဆိုးခြင်းတွေနဲ့ ခလုတ်တိုက်မိလို့
ပြိုလဲခဲ့ရတဲ့ အကြိမ်ပေါင်းကမနဲ ...
ရထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေက
မမြင်ရက်စရာ
အက်ကွဲကွဲ နှုတ်ခမ်းက
ထွက်ကျတဲ့ စကားလုံးတိုင်းမှာလဲ
သွေးစသွေးနတွေနဲ့ ...
တော်ပါပြီ ...
ငါ့အတွေးတွေ ငရဲသားမဖြစ်ခင်
ဦးနှောက်ကို ထောင်ချထားလိုက်တော့မယ်
လုံးဝ မရူးသွပ်ခင် အချိန်ထိပေါ့ .....
No comments:
Post a Comment