Friday, March 6, 2009

အိမ်ကို အရမ်း သတိရလာလို့ ဒီစာလေးကို ရေးဖြစ်တာပါ ...

အိမ်ကို သတိရရင် ရင်ထဲမှာ မခံစားနိုင်လွန်းလို့ သိပ်ပြီး သတိမရမိအောင် နေနေရတယ်...

အားပေးဖော် ချစ်သူက ဘေးနားမှာ အမြဲရှိနေလို့သာ ဖြေသာနေတာ ...


ကျွန်မ ချစ်သူရော ကျွန်မပါ မိဘ မောင်နှမတွေနဲ့ခွဲပြီး ဒီကိုရောက်နေကြတာ ... ချစ်သူနဲ့ မိသားစုဝင် (၄)ယောက်ပဲ ရှိတာခြင်းလဲ တူတယ်... ညီမလေး ၁ယောက်စီ ရှိကြတာ၊ ရန်ကုန်မှာတုန်းက အဖေတွေက အမြဲလိုလို နိုင်ငံရပ်ခြားမှာ ရှိနေတာ၊ သားအမိ (၃)ယောက်ထဲ နေခဲ့ကြရတဲ့ အခြေအနေတွေ .. စတာတွေလဲ တူတူပဲ... နှစ်ယောက်လုံး သားကြီး သမီးကြီးတွေ ဖြစ်နေတော့ မိဘတွေရဲ့ အားကိုးအားထား ပြုခြင်းကို ခံရတယ်...


ကျွန်မဆို ဒီရောက်ပြီး လတွေ တော်တော်ကြာတဲ့ အထိ မေမေ နဲ့ ညီမလေး နှစ်ယောက်ထဲ ရန်ကုန်မှာ ကျန်ခဲ့တာကို စိတ်မချနိုင် ဖြစ်ခဲ့ရတယ်။ မေမေကလဲ ပြောတယ် "ငါ့သမီး အနားမှာ မရှိတော့တာ.. မေမေ့ လက်တစ်ဘက် ပြုတ်သလိုပါပဲ" တဲ့... ညီမလေးကိုတော့ မေ့'ကို ကူညီဖို့ အမြဲမှာဖြစ်ပါတယ်။ မေ'က ခုချိန်ထိ ကားမောင်းပြီး ညီမလေးရဲ့ သင်တန်းပေါင်းစုံကို လိုက်ပို့ရတုန်း၊ မိသားစု တာဝန်တွေကို ထမ်းနေရတုန်း၊ ဖေဖေ ကလဲ ရေခြားမြေခြားမှာ စီးပွားရှာနေရတုန်း... အသက်ကလဲ ငယ်တဲ့အရွယ် မဟုတ်တော့တဲ့ ဖေ' နဲ့ မေ့' ကို အေးဆေး နေစေချင်ပါပြီ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတောင် မနဲရပ်တည်နေရတုန်း ... :(


တကယ်တမ်း စဉ်းစားကြည့်တော့ S'pore ကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့မှန်းတောင် မသိတော့ဘူး။ မရောက်ခင်တုန်းကတော့ စီစဉ် စဉ်းစား ထားတာတွေက အခက်အခဲမရှိ.. အကုန်ချောမွေ့လို့.. ဘ၀ဆိုတာ ဘာမှန်းမှ မသိသေးတာ .....

ကျောင်းတက်ရင်းနဲ့ part time ခဏလုပ်ဖြစ်သေးတယ်။ တကယ့်ကို ရှိသမျှ မာနတွေချိုးနှိမ်၊ ဒါ..ငါ့မိဘအိမ် မဟုတ်ဘူး... ငါ့ မွေးရပ်မြေ မဟုတ်ဘူး ဆိုပြီး အရာရာကို သည်းခံ ...


ကျောင်းပြီးတော့ အလုပ်ဝင်၊ ထုံးစံအတိုင်း foreigner ဖြစ်နေတဲအပြင် မြန်မာ ဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြည့်က ၁မျိုး... ကိုယ်က junior ဖြစ်နေတော့ အရာတိုင်း အပြုံးမပျက် သည်းခံပေါ့.. စိတ်ထဲမှာတော့ ဒေါသမီးတွေ၊ ၀မ်းနည်းအားငယ် စိတ်တွေနဲ့ ပွက်ပွက်လောင်ခဲ့ရတယ်... ရုံးဆင်းချိန်တွေ မေ့'ဆီ phဆက်၊ ခံစားရသမျှတွေ ပြန်ပြောပြ၊ မေ့'ရဲ့ နှစ်သိမ့်စကားတွေ နားထောင်၊ ကိုယ့်မျက်ရည်တွေကိုတော့ ph ချပြီးမှပဲ ကျခွင့်ပေးခဲ့တယ်။ မေ'သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့

မိဘအိမ်မှာတုန်းကတော့ သွားချင်တဲ့ နေရာဆိုလည်း လိုက်ပို့တယ်...နေ့လည်စာ ညစာ ပူစရာမလို အဆင်သင့် ... ပိုက်ဆံကိစ္စ ခေါင်းစားစရာမလို.. ခြွေတာသုံးစွဲပြီး ၁လစာ ၁လစာ တွက်နေစရာမလို.. အိမ်ငှားအသစ် ရှာရတဲ့ဒုက္ခ၊ အိမ်လခ စိုက်ရတဲ့ ဒုက္ခတွေမရှိ... weekend ကျမှ ရှိသမျှ အိမ်အလုပ်တွေ စုပြုံလုပ်ရတဲ့ ဒုက္ခလဲ မရှိ .. မိဘအရိပ် အေးချမ်းလိုက်တာနော် ! ......
အဲဒီတုန်းကတော့ တနင်္လာနေ့ ဖြစ်ဖြစ်၊ အင်္ဂါနေ့ ဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်.. ခုတော့ တနင်္ဂနွေည ဆိုရင်ကို စိတ်က မလန်းဆန်းတော့ဘူး.. စနေနေ့တွေပဲ ထာဝရ ဖြစ်နေချင်တယ်... :-(
အိမ် ကို လွမ်း လိုက် တာ . . . . .



No comments: