Tuesday, March 31, 2009

Earth Hour

လကုန်ခါနီး အလုပ်တွေ အရမ်းကို ရှုပ်နေတာနဲ့ Blog ကို လှည့်မကြည့်နိုင်ဘူး ဖြစ်နေတာ.. ခုမှပဲ post အသစ်တွေ တင်ဖို့ အချိန်ရတယ် ... လာလည်ကြတဲ့ သူငယ်ချင်းတွေလဲ new post မရှိလို့ ပျင်းနေကြပြီထင်တယ် ...

Singapore မှာ ပြီးခဲ့တဲ့ March28 က 8:30pm to 9:30pm အထိ Earth Hour ကို ပါဝင်ဆင်နွှဲ ခဲ့ပါတယ်.. လူနေအိမ်တွေ၊ companyတွေ၊ shopping mall တွေ၊ တော်တော်များများ အဲဒီအချိန်မှာ မီးတွေမှိတ်ထားခဲ့ ကြတယ်...

Earth Hour ကို 2007 မှာ Sydney က စခဲ့တာပါ... electricity ကို switch off လုပ်ခြင်းဖြင့် global warming ကို လျှော့ချပြီး၊ climate changes တွေ အတွက် ရည်ရွယ်ပါတယ်... အခုဆိုရင် နိုင်ငံပေါင်း ၈၀ကျော် ပူးပေါင်းပါဝင် လာပြီတဲ့..
ကျွန်မတို့ရဲ့ မွေးရပ်မြေကတော့ ကမ္ဘာကြီးကို save လုပ်တဲ့နေရာမှာ No.1 ပဲထင်တယ်နော်.. :P

No comments: