Sunday, March 8, 2009

Titleless 2

ဒါက ခေါင်းစဉ်မရှိတဲ့ နောက်ထပ် ကဗျာ တစ်ပုဒ် ... ဒီကဗျာလဲ ရေးထားတာ ၁၀လလောက်ရှိပြီ ...

စနေဂြိုဟ် ၀င်နေတဲ့ coffee ၁ခွက်
စိတ်ပျက်လက်ပျက်နဲ့ မြိုချရင်းစဉ်းစားကြည့်တော့
အတင်းချိုးနှိမ်ထားရတဲ့ စိတ်ဓာတ်က
အိပ်မက်အသေတွေကြားထဲမှာ
ကျိုးပဲ့ကြေမွနေတယ် ...

ဘ၀ရဲ.ညနက်နက်တွေကို
စမ်းတ၀ါးဝါး လျှောက်နေရတဲ့အထဲ
ကံကြမ္မာရယ်
မင်းရဲ.သွေးပေတဲ့ နှုတ်ခမ်းနဲ.
လာပြုံးမပြစမ်းနဲ.ကွာ
လေဖြတ်နေတဲ့ ကုလားထိုင်ပေါ်က
ငါ့မျှော်လင့်ချက် ယိုင်နဲ့နဲ့တွေ
အသက်မဲ့ကုန်လိမ့်မယ် ...

နေထွက်လိုက် နေ၀င်လိုက်နဲ့
နေ့ရက်တွေပျံသန်း ...
အပြင်းဖျားနေတဲ့ စိတ်ဖိစီးမှုက
မကောင်းဆိုးဝါး တစ်ကောင်လို
ငါ့ရှင်သန်မှု မြက်ပင်ရှည်တွေကို
အဆိပ်ရည်ဖျန်းသွားတယ် ...

အမှိုက်ဖြစ်နေတဲ့ ငါ့ Rights တွေ
ကွဲအက်နေတဲ့ စွဲချက်တွေနဲ့
တစ်ဝက်တစ်ပျက် ဖြိုချထားတဲ့
နံရံကနေ မျှော်ကြည့်မိတော့
ချမ်းမြေ့မှု ဆိုတာက
ဟိုးးး အ ဝေးး ကြီးးး မှာ . . . . .

No comments: