အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ ...
ကိုယ့်သားသမီးတွေရဲ့ ငိုသံက
ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက်
ပိုကြင်နာမှုရခဲ့ပါတယ် ...
ကိုယ့်သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို
ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ 
မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့
ကိုယ်လျစ်လျူရှုမိတတ်တယ် ...
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို
ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး ...
အရေးကြီးတာက မိဘတွေကို
ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ ...
*Origin from sandarlamin.multiply.com*

















































