Thursday, February 26, 2009

ဘာသာပြန် ဟာသများ


လက်ထပ်ခြင်း ဂလဲ့စား

သေခါနီး ဆဲဆဲ ဖြစ်နေတဲ့ လယ်သမားကြီး ဂျွန်ဆင် က သူ့ဇနီး ကို ပြောတယ်.

ဂျွန်ဆင် - ငါသေသွားရင် လယ်သမား ဂျုန်း ကို လက်ထပ်လိုက်ပါ.
ဇနီး - ဟင့်အင်း . . ရှင်သေပြီးရင် ကျွန်မ ဘယ်သူ့ကိုမှ ထပ်မယူနိုင်ဘူး.
ဂျွန်ဆင် - ငါကတော့ မင်းကို ယူစေချင်တယ်.
ဇနီး - ဘာလို့လဲ.
ဂျွန်ဆင် - သူငါ့ကို မြင်းပွဲ ၁ပွဲ မှာ လိမ်ခဲ့ဖူးလို့ . . .


ရုံးမှာ

ခင်ပွန်းသည် - မိန်းမ..မင်းရုံးသွားတိုင်း ငါ့ဓာတ်ပုံကို အိတ်ထဲထည့် ယူသွားတာ ဘာအတွက်လဲ
မိန်းမ - သြော်..ဒါလား.. ရုံးမှာ ပြဿနာ တွေနဲ့ ကြုံတိုင်း ရှင့်ဓာတ်ပုံ ထုတ်ကြည့်လိုက်တာနဲ့ အကုန် အဆင်ပြေသွားလို့
ခင်ပွန်းသည် - တွေ့လား.. ငါဟာမင်းအတွက် ဘယ်လောက် အစွမ်းထက်တဲ့ ယောက်ျားလဲဆိုတာ
မိန်းမ - အင်း.. ရှင့်ဓာတ်ပုံကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြောရတယ်လေ.. "ဘယ်ပြဿနာမှ ဒီဒုက္ခထက် ပိုမကြီးနိုင်ဘူး" ဆိုပြီးတော့ . . .


သွေးစစ်ခြင်း

ဆေးခန်း ၁ခုရဲ့ အပြင်ဘက်မှာ ကလေး ၂ဦး ထိုင်စောင့်နေတယ်.
ပထမကလေး က စတင်ငိုကြွေး ပါတော့တယိ.

ဒုတိယ ကလေး - မင်းဘာလို့ ငိုနေတာလဲ
ပထမ ကလေး - ငါ သွေးလာစစ်တာ
ဒုတိယ ကလေး - ကြောက်လို့လား
ပထမ ကလေး - သွေးစစ်ရင် သူတို့ ငါ့လက်ကို ဖြတ်ကြမှာ

အဲဒီအချိန်မှာပဲ ဒုတိယကလေး က ထပြီး ငိုပါလေရော..

ပထမ ကလေး - မင်ကဘာလို့ လိုက်ငိုတာလဲ
ဒုတိယ ကလေး - ငါက ဆီးစစ်ဖို့အတွက် လာရတာကွ

No comments: